အချစ်တစ်ခု
၁၅၀၀ ကိုမမှီတောင်
၅၂၈ ထက်တော့ မလျှော့ခဲ့ပါဘူး
မထင်ထားမိချိန်မှာ
မယုံနိုင်လောက်အောင်
ပြန်ဆုံကြတဲ့အခါ
မထင်ထားလောက်အောင်ကို
ပျော်ရွင်ခဲ့ကြရတယ်
၁၅၀၀ လိုချင်ခဲ့တဲ့မင်းအတွက်
၅၂၈ သာပေးနိုင်ခဲ့လို့
စိတ်မကောင်းပါဘူးချစ်သူ
မင်းထွက်ခွာသွားနိုင်ပါတယ်
ဘယ်အချိန်ဖြစ်ဖြစ်ပေါ့
ဘာပဲဖြစ်ဖြစ်ပေါ့လေ
မင်းဘက်ကနေပြီး
မေ့လိုက်တော့လို့
ပြောမသွားတာကိုပဲ
ကျေးဇူးတင်မိပါတယ် ချစ်သူ
Saturday, October 25, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment