Tuesday, October 28, 2008

ဖူးစာကံရယ်ဆုံပါ့မလား

သတို့သား။သတို့သမီး နှစ်ဦးရဲ့ နေ့နံ ကိုပေါင်း ။ ၅နဲ့မြောက်။ ၇ နဲ့စား

အကြွင်း (၁)မိမိချစ်သည့်အိမ်ထောင်ဖက်ကိုရ။အိမ်ထောင်ရေးသာယာမည်။

အကြွင်း (၂)ကလေးဆန်သောအိမ်ထောင်ဖက်ကိုရ။

အကြွင်း (၃)စီးပွားဖြစ်မည့်အိမ်ထောင်ရေး။စည်းကမ်းရှိ၊ကံကောင်း၊အမွေရမည်။

အကြွင်း (၄)လိုချင်သောသူနဲ့ညားမည်။အိမ်ထောင်ရေးသာယာ၊မိမိထက်အဆင့်အတန်းသာမည်

အကြွင်း (၅)ကြင်နာချစ်ခင်သောသူနဲ့ရ။အိမ်ထောင်ဖက်ကသ၀န်တိုတတ်ရုံမကကလေးဆန်။တဏှာရာဂပြင်းထန်

အကြွင်း (၆)စီးပွားဖြစ်ထွန်း။အိမ်။တိုက်။ကားပိုင်နေရ

အကြွင်း (ရ)စိတ်ဆင်းရဲရ။အိမ်ထောင်ကံသိပ်မကောင်း။လင်ကွဲမယားကွဲနေရ

အားလုံးပဲချစ်တဲ့သူနဲ့ပျော်ရွှင်တဲ့ဘ၀လေးကိုပိုင်ဆိုင်ကြပါစေ

နေ့အလိုက်ကံကောင်းချင်ရင်

နေ့ မျက်နှာမူရမည့်အရပ် စားရမည့်အရာ

တနင်္ဂနွေနေ့ အနောက်အရပ် သစ်သီးတစ်လုံးစား

တနလာင်္နေ့ မြောက်အရပ် နွားနို့တစ်ခွက်သောက်

အဂါင်္နေ့ အနောက်တောင် အာလူးကြော်

ဗုဒ္ဓဟူးနေ့ အရှေ့မြောက် ကိတ်မုန့်

ကြာသပတေး အရှေ့ စမူဆာ

သောကြာ အရှေ့တောင် ရေတစ်ခွက်

စနေ တောင်အရပ် ပေါင်မုန့်

ကဲအားလုံးပဲကံကောင်းကြပါစေနော်

Saturday, October 25, 2008

၅၂၈ =၁၅၀၀ (အချစ်)

အချစ်တစ်ခု
၁၅၀၀ ကိုမမှီတောင်
၅၂၈ ထက်တော့ မလျှော့ခဲ့ပါဘူး
မထင်ထားမိချိန်မှာ
မယုံနိုင်လောက်အောင်
ပြန်ဆုံကြတဲ့အခါ
မထင်ထားလောက်အောင်ကို
ပျော်ရွင်ခဲ့ကြရတယ်
၁၅၀၀ လိုချင်ခဲ့တဲ့မင်းအတွက်
၅၂၈ သာပေးနိုင်ခဲ့လို့
စိတ်မကောင်းပါဘူးချစ်သူ
မင်းထွက်ခွာသွားနိုင်ပါတယ်
ဘယ်အချိန်ဖြစ်ဖြစ်ပေါ့
ဘာပဲဖြစ်ဖြစ်ပေါ့လေ
မင်းဘက်ကနေပြီး
မေ့လိုက်တော့လို့
ပြောမသွားတာကိုပဲ
ကျေးဇူးတင်မိပါတယ် ချစ်သူ

Thursday, October 23, 2008

ဒိုင်ယာရီ ၁

ဒိုင်ယာရီကိုလှန်
အတိတ်ဆိုတဲ့စာမျက်နှာအရောက်
မိုးရွာနေတဲ့မြင်ကွင်းလေးတစ်ခု
စက်ဘီးလေးတစ်စီး ၂ယောက်အတူစီး
ပျော်နေကြတာ
အို......
ကြည်နူးဖို့ကောင်းလိုက်တာ
ဒီလိုနဲ့
အချိန်တွေကုန်ဆုံး
သက္ကရာဇ်တွေကျော်ဖြတ်လာတော့
မထင်မှတ်ပဲပြန်ဆုံ
မမျှော်လင့်ဘဲပြန်တွေ့
အံအားသင့်တဲ့အကြည့်တွေနဲ့
အို......
မယုံနိုင်စရာကောင်းလိုက်တာ
ဒီလိုနဲ့
ပစ္စုပန်ဆိုတဲ့
စာမျက်နှာကိုအရောက်
မိုးသည်းနေတဲ့မြင်ကွင်းကိုငေး
စာအုပ်တစ်အုပ်ကိုရှေ့မှာချ
ကဗျာတွေရေးရင်း
မင်းကိုလွမ်းနေရတာ
အို.....
ကြေကွဲစရာကောင်းလိုက်တာ

ဘုရားဖူးမယ်




Tuesday, October 21, 2008

ကဗျာချစ်သူ


အမှတ်ရစရာလေးတွေ
ရင်ထဲမှာခံစားမိတာလေးတွေပေွါ့



Monday, October 20, 2008

အားလုံးမင်္ဂလာပါ



ဒီစာမျက်နှာလေးကနမူနာတင်ကြည့်တာပါနော်